ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနသို့ ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လှူဒါန်း

  17/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနသို့ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များ၊ မျက်နှာအကာများ၊ လက်အိတ်များအား သွားရောက်လှူဒါန်းခဲ့ကြသည်။