ပေါင်မြို့နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

  01/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့က ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးအောင်မင်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၄) ဦးတို့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ထပ်မံရောက်ရှိလာသူများအား COVID-19 ရောဂါကာကွယ်ရေးအဖြစ် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နေရာချထားခြင်းအပြင် သြဂုတ်လ (၂၇) ရက်နေ့မှ စတင်ကာ ပေါင်မြို့နယ်မီးရထားဘူတာရုံ အ၀င်အထွက်ဂိတ်များတွင် ခရီးသည်များအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပေါင်မြို့နယ်ရှိ ရွှေတိဂုံဖူးမျှော်စေတီတော်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။