ပဲခူးတိုင်းတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  17/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး မြို့အဝင်ဂိတ်တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပေါင်းတည်မြို့နယ်အတွင်း မြို့ဝင်ဂိတ်များတွင် ဖြတ်သန်းသွားလာသူများအား ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။