ပဲနွယ်ကုန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ ကူညီ

  03/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု၂စုမီးဘေးသင့်ခဲ့ရသဖြင့် စက်တင်ဘာလ ၅ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးကျော်ဝင်းအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုများအား မိသားစုသုံးပစ္စည်း၊ အမိုးအကာအိမ်ဆောက်ပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း ၁စုံစီအား သွားရောက်ထောက်ပံ့ပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ကြသည်။