ပျဥ်းမနားတွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ ပင်စင်လစာထုတ်ရာ၌ COVID-19 ကာကွယ်ရေး ကြက်ခြေနီ ကူညီ

  21/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဥ်းမနားမြို့
မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်း ပေးဝေခြင်းတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။