ပျော်ဘွယ်တွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  21/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်‌ခြေနီ
တပ်ဖွဲ့မှူးဦးသန်းဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ဦး တို့သည် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ပျော်ဘွယ်မြို့နယ်ပြည်သူ့ဈေးအမှတ်(၁)နှင့်(၂)တို့တွင် COVID-19ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာ‌ေရးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောသတင်းစကားများကို အသံချဲ့စက်ဖြင့်လှုံဆော်ခြင်း၊ နှာခေါင်းစည်း (၃၀၀၀)ခုအား ပေးဝေခြင်း၊ အသိပညာပေးခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။