ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန်ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေးလှူဒါန်း

  25/ May/ 2020

နေပြည်တော်၊မေ ၂၅

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင်COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်
လိုအပ်သည့်ပစ္စည်းများကို အလှူရှင်များကလှူဒါန်းလျှက်ရှိရာ၂၀၂၀ပြည့်နှစ်၊မေလ ၂၃ ရက်နေ့က နေပြည်တော်ဇဗ္မူသီရိမြို့နယ် အ.ထ.က(၆) အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦးက
ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေး (၅) ဂါလံ တစ်ပုံး(စုစုပေါင်းတန်ဘိုး ကျပ် ၆၀၀၀၀) အားလာရောက်လှူဒါန်းခဲ့ရာ ဒက္ခိဏခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးက လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။

ယခုကဲ့သို့ ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေးများလှူဒါန်းပေးပါသော ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။