ပွင့်ဖြူတွင် ကျေးရွာကြက်ခြေနီစေတနာလုပ်အားရှင်များက လူဦးရေ ၈၀၂ဦးအတွက် နှာခေါင်းစည်းများ ကိုယ်တိုင်ချုပ်လုပ် ဝေငှခဲ့

  19/ Apr/ 2020

မကွေး၊ ဧပြီ ၁၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာအသီးသီးမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မိမိတို့တတ်စွမ်းသည့်ဘက်မှပါဝင်ကူညီဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အင်းကုန်းကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာ
လုပ်အားရှင် ၈ ဦးတို့သည် ဧပြီလ ၁၈ ရက်နေ့တွင် အသင်းခွဲငယ်ရန်ပုံငွေဖြင့် အင်းကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၅၇၊ လူဦးရေ ၈၀၂ ဦးအတွက်နှာခေါင်းစည်းများအားကိုယ်တိုင်ချုပ်လုပ်ကာ လူတိုင်းစေ့၊ အိမ်ပေါက်စေ့လိုက်လံထောက်ပံ့ပေး
ဝေခဲ့ကြပါသည်။