ဖားကန့်နှင့် မိုးကောင်းမြို့နယ်တွင် ကြက်ခြေနီက COVID-19 ကာကွယ်ရေးပူးပေါင်းလုပ်ဆောင်

  01/ May/ 2020

ဖားကန့်၊မိုးကောင်း၊ မေ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုင်ငံတဝန်းတွင် COVID-19 ရောဂါကာကွယ်ရေးကို ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကချင် ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပြည်နယ်အတွင်းရှိမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမကျန် သွားရောက်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ပြည့်နှစ်၊ မေလ ၁ ရက်နေ့က ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးရဲအောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးသည် ဖားကန့်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများမှ ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အလားတူမိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမျိုးအောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးသည် နမ္မတီးမြို့လမ်းဆုံ၊လမ်းခွ၊ RC ယာယီခိုလှုံရာစခန်း၊ မြို့ဦး ယာယီခိုလှုံရာစခန်းများတွင် စခန်းတာဝန်ခံများနှင့်တွေ့ဆုံကာ COVID-19 ရောဂါအသိပညာပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူများအား ကိုယ်ပူချိန်တိုင်းပေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး မိုးကောင်းမြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ကြပ်ကြီးဦးဇင်ဝင်းထွဋ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၂ဦးက လွဲလောကျေးရွာတွင် လက်ကမ်းစာစောင်မျှဝေခြင်း၊ အခြေခံပညာအထက် တန်းကျောင်းအမှတ်-၂ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် တစ်နေ့တာ စောင့်ကြည့်မှုကို သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကြက်ခြေနီတပ်စုမှူးဒေါ်နွေဦးမမ နှင့် အဖွဲ့သည် ကဝါးယံ၊ လဘန်ကထောင်၊ စေတုန်ကျေးရွာများတွင် COVID-19 ရောဂါအသိပညာပေးပိုစတာကပ်ခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခြင်း၊ ကြက်ခြေနီတပ်ကြပ်ကြီးဦးသိန်းဌေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးသည် ဆားမှော်ကျေးရွာရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် တစ်ရက်တာ စောင့်ကြည့်မှုကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကြက်ခြေနီတပ်ခွဲမှူးဒေါ်နီနီအောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၉ဦးသည် မြို့နယ်အတွင်းရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင်တစ်ရက်တာစောင့်ကြည့်မှုကို သက်ဆိုင်ရာအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ COVID-19 ရောဂါအသိပညာပေးပိုစတာကပ်ခြင်း၊ သက်ကြီးရွယ်အိုအဘိုးအဘွားများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ မြို့နယ်ဘူတာရုံတွင် ခရီးသွားပြည်သူများအား စာရင်းကောင်းယူခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။