ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

  01/ Mar/ 2020

ဖားကန့်၊ မတ်လ ၁

ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းဇော်ကွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဝေခြင်းနှင့် ပိုစတာများကပ်ခြင်း အစရှိသည့် လုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။