ဘိုကလေးမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

  08/ May/ 2020

ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ပြည့်နှစ် မေလ ၈ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းရှိ လူအများဖြတ်သန်းသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားအသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ကြီးပရဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းတို့အား မေလ ၈ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။