ဘုရားသုံးဆူမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

  02/ Sep/ 2020

ဘုရားသုံးဆူ၊ စက်တင်ဘာ ၂

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အနန်းကွင်းကျေးရွာအဝင်လမ်းနှင့် လူစည်းကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေခြင်းနှင့်် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြခြင်းတို့ကို ဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲငယ်မှ တပ်စုမှူး ဒေါ်ဧပရယ်ဝင်းပွင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးက ဆောင်ရွက်ခဲ့ကြပါသည်။