ဘူးသီးတောင်မြို့တွင် ကိုဗစ် ၁၉ စောင့်ကြည့်ရေးစင်တာအသစ်ပြုလုပ်ထားရှိရာတွင် ကြက်ခြေနီက ကူညီဆောင်ရွက်လျက်ရှိ

  02/ Oct/ 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြိုသစ် အခြေခံပညာအလယ်တန်း(ကျောင်းခွဲ)တွင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာပြုလုပ်ထားရှိမည်ဖြစ်သဖြင့် အိပ်ရာကုတင်များတပ်ဆင်ခြင်း၊ အသုံးအဆောင်များထားရှိပေးခြင်း၊ အိမ်သာများဆောက်လုပ်ခြင်း၊ ရေချိုးမည့်ရေကန်များ ဆောက်လုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းများကို ဘူးသီးတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးကျော်မြင့်ဝေ ဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဘူးသီးတောင်ကြက်ခြေနီ စေတနာလုပ်အားရှင်များက တိုက်ပွဲရှောင်စခန်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း ဝတ်ဆင်အသုံးပြုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။