မကွေးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  13/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၃ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ အမှတ် ၁ဈေး၊ အမှတ် ၂ဈေး၊ မြို့မဈေး၊ မြို့အဝင်တောင်၊ လှည်းကောက်ဆေးရုံရှေ့နှင့် လမ်းဆုံများ၊ လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို မင်းဘူးမြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးသန့်ဇော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ဆောမြို့ နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောမြို့၊ သီရိဇေယျာ၂ရပ်ကွက် အတွင်းရှိ နေအိမ်များ၊ ရေတွင်း၊ရေကန်များတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။