မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်များ၌ COVID-19ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် ကြက်ခြေနီမှကူညီ

  28/ Apr/ 2020

မန္တလေး၊ ဧပြီ ၂၈

၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၈ရက်နေ့ကအောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည်နန်းတော်ရှေ့အစိုးရစက်မှုသင်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်း၌ နယ်စပ်ဒေသမှဝင်ရောက်လာသူများအား ကြိုဆိုနေရာချထားပေးပြီး COVID-19ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းကို ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ညောင်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးတင့်နိုင်ဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၅ ဦးတို့သည် မြို့အဝင်ဂိတ်များတွင် မြို့အတွင်းဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည်လည်းမြို့အဝင်ရွှေကျင်ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြရာ ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးစိုးမင်းအောင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်သန်းတို့မှ ကြည့်ရှုအားပေးခဲ့ကြပါသည်။