မန္တလေးတွင် မြို့နယ်များ၌ COVID-19ရောဂါ ကာကွယ်ရေး ကြက်ခြေနီက ဆောင်ရွက်

  12/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မတ္တရာမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အသီးသီးတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြရာမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ
အသင်းခွဲဥက္ကဌတို့က လိုအပ်သည့်နှာခေါင်းစည်းများကို
လှူဒါန်းခဲ့ပြီး အစားအသောက်များ ကျွေးမွေးခဲ့ကြသည်။