မိုးကုတ်တွင် ကြက်ခြေနီမှ COVID-19 ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

  19/ Apr/ 2020

မန္တလေး၊ ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦး ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့က မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ကျေးရွာအုပ်စုကျောက်ဖားမြို့အဝင်ဂိတ်၊ ရေပူရပ်ကွက်အုန်းကိုင်းမြို့အဝင်ဂိတ်၊ လယ်ဦးရပ်ကွက်ရှုခင်းသာမြိုအဝင်ဂိတ် ၊ ဗမွန်ကျေးရွာအုပ်စု
ပန်းမထိပ်ရပ်မြို့အဝင်ဂိတ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ ရွှေကူကြီးကျောင်းတိုက်၊ အထက ၁၊ ရှမ်းတောအလက၊ ပိတ်စွယ်အထက စသည့်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။