မိုးကုတ်တွင် လူငယ်ကြက်‌ခြေနီကော်မတီက COVID-19ကာကွယ်ရေး ဆောင်ရွက်

  04/ Oct/ 2020

COVID-19ရောဂါကာကွယ်ရေးအတွက် နိုင်ငံအနှံ့ နေရာတိုင်းမှာ အရင်ကထက် အရှိန်အဟုန်မြှင့်ပြီးလုပ်ဆောင်နေရာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လူငယ်ကြက်‌ခြေနီကော်မတီက ဦးဆောင်ပြီး ၂၀၂၀ပြည့်နှစ်အောက်တိုဘာလ ၄ ရက်နေ့က မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ နှာခေါင်းစည်း ၃၀၀၀ ကို ပေးဝေခဲ့ကြပါတယ်။
လူငယ်ကြက်‌ခြေနီကော်မတီဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း ၂၇ဦး တို့ပါဝင်လှုပ်ရှားခဲ့ပြီး လူငယ်ကြက်‌ခြေနီကော်မတီခေါင်းဆောင် မဖြူစင်မေနှင့် ဒုတိယခေါင်းဆောင် ကိုဟိန်းထက်ဇော်တို့က ဦးဆောင်ခဲ့
ပါတယ်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းတင့်မှနေ့လည်စာ
ထမင်းဘူးနဲ့ ဖျော်ရည်၊ ဦးအောင်မြင့်အေး+ဒေါ်သဲဆုထွေးမိသားစုတို့က ခေါက်ဆွဲကျွေးခဲ့ပြီး ကျပ်ပြင်မှ ဆရာမဒေါ်လှလှဝင်းမိသားစု (ဝင်းကျောက်မျက်ရတနာ)က Pocari Sweat ၂ ကတ်နဲ့ နှာခေါင်းစည်း ၃ဘူး လှူဒါန်းခဲ့ကြသည်။