မိုးညှင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကြက်ခြေနီက ပူးပေါင်း ကူညီလျက်ရှိ

  07/ Oct/ 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၇ရက်နေ့က မိုးညှင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ နန်းမား၊ မော်ဟန်၊ လယ်မှီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဆယ်မိုင်ကျေးရွာနှင့် အင်ကွယ်ကျေးရွာများတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ နေအိမ်အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းခံယူသူများအား စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။