မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် အမှိုက်ပုံးများကို မူလွန်ကျောင်းသို့ သွားရောက်ထောက်ပံ့

  09/ Aug/ 2020

မုဒုံ၊ ဩဂုတ်လ ၉

မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် ခြေနင်းအမှိုက်ပုံးများကို ကော့ခလွယ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုနိုင်ရန် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။