မူဆယ်တွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  01/ Sep/ 2020

မူဆယ်၊ စက်တင်ဘာ ၁

မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ OHCတိုးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှ စတင်ကာ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။