မော်လမြိုင်ကျွန်းတွင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီရာမှာ အနုပညာရှင်တွေနဲ့အတူ ကြက်ခြေနီလည်း ပါဝင်

  31/ Oct/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ကျရာနေရာက ပါဝင်ကူညီ နေကြပါတယ်။
ဒီလိုဆောင်ရွက်နေကြရာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အနုပညာရှင်တွေနဲ့အတူ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများကို သွားရောက်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူများကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတဲ့အနေဖြင့် တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပါသည်။