မံစီတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

  05/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်နေ့က မံစီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စည်ပင်စျေး၊ မိတုံကုန်းဈေးနှင့် မြို့အဝင်/ထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ နေရပ်ပြန်ပြည်သူများအား အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။