မံစီမြို့နယ်တွင် COVID-19ရောဂါကာကွယ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်

  14/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၄ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်ရှိ မောရဝတီရပ်ကွက်တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းဆေးရုံတွင် နေရပ်ပြန်ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။