မြင်းခြံမြို့နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

  27/ Feb/ 2020

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၇

မြင်းခြံခရိုင်ယာယီကြက်ခြေနီကြီးကြပ်ရေးအဖွဲ့ဥက္ကဌဦးတင့်လွင်နှင့် တပ်ဖွဲ့မှူးဉီးဇော်ဝင်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်းကာ မြင်းခြံဈေးနှင့် လူစည်ကားရာနေရာများတွင် ရောဂါ ကာကွယ်ရေးပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အစရှိသည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။