မြစ်သားတွင် COVID-19ရောဂါကာကွယ်ရေးဆောင်ရွက်နေကြသော ကြက်ခြေနီများအား ဂုဏ်ပြု

  18/ Jul/ 2020

မြစ်သား၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံက်၁၀နာရီအချိန်က လုပ်အားကြေးမုံခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှတာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ဒုတိယခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နွဲ့နွဲ့ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်ကြက်ခြေနီအသင်းခွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အမှာစကားပြောကြားပြီး COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင် များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။