မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မောင်တောမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

  09/ Apr/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ ရွေ့လျားဆေးကုသရေး စီမံချက်ဖြင့် မောင်တောမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မောင်တောခရိုင်ကျန်းမာရေးဦးစီးဌာနတို့သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို မောင်တောမြို့နယ်ရှိ နေရာ(၁၃)နေရာတွင် ၂၀၂၀ပြည့်နှစ် ဧပြီလ ၁ရက်နေ့မှ စတင်ကာ ၃၀ရက်နေ့အထိ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။
Credit to >>> ဒေါက်တာ ကောင်းထက်