မြဝတီချစ်ကြည်ရေးတံတားမှဝင်ရောက်လာသူများအတွက် ကြက်ခြေနီက COVID-19 ကာကွယ်ရေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်

  31/ Aug/ 2020

မြဝတီ၊ ဩဂုတ် ၃၁

မြ၀တီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် COVID-19 ရောဂါကာကွယ်ရေးအဖြစ် မြ၀တီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတား Cargo Gate မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော Truck ကားများနှင့် လိုက်ပါလာကြသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းကောက်ခံခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။