မြဝတီတွင် နေရပ်ပြန်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံမူများ ပြုလုပ်

  04/ Oct/ 2020

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ သဘာဝရိပ်သာ အသွားအလာကန့်သတ်‌စောင့်ကြည့်စခန်းရှိ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူ ကျား (၂၀)၊ မ (၅) ဦးတို့အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇) ဦးတို့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၄ ရက်နေ့တွင် ကူညီထောက်ပံ့ခဲ့ကြသည်။