မြိတ်တွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

  07/ Oct/ 2020

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် မြိတ်မြို့ ရာပြည့်ရပ်ကွက်တွင်လည်းကောင်း၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဒုတိယကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနှင့် ကြက်ခြေနီစေတနာ
လုပ်အားရှင် ၆ ဦးတို့သည် မြို့သစ် ၁ ရပ်ကွက်နှင့် ကန်ဘောင်ရိုးရပ်ကွက်
တို့တွင်လည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီ
စေတနာလုပ်အားရှင် ၅ဦးတို့သည် ဇေယျာသီရိ ၂ ရပ်ကွက်တွင်လည်းကောင်း COVID 19 အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။