မြို့သာပေါင်းမှာ ရောဂါကာကွယ်ဖို့ ကြက်ခြေနီကအသိပညာပေး

  15/ Sep/ 2020

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်၊ အမှုဆောင်အဖွဲ့ဝင် ဦးကျော်တိုးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၅) ဦးတို့ဟာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်က COVID-19 ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ထုတ်ပြန်တဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို မြို့ပေါ်နဲ့ ကျေးရွာ‌တွေမှာ အသိပညာပေးနှိုး‌ဆော်ခဲ့ပါသည်။