မြောက်ဦးတိုက်ပွဲရှောင်စခန်းတွင် COVID-19 ကာကွယ်ရေး အသိပညာပေးခြင်း ကြက်ခြေနီ ပြုလုပ်

  18/ Aug/ 2020

မြောက်ဦး၊ ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့သစ်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုများအား COVID-19 ကာကွယ်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုအသိပညာပေးခြင်းကို ကြက်ခြေနီက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့သည်။

တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၁၃၂)စုအား COVID-19 ရောဂါအသိပညာပေးခြင်းများ၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်တကျနှာခေါင်းစည်းအသုံးပြုပုံများကို မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူးဦးဌေးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးတို့ကပြုလုပ်ခဲ့ပါသည်။