မြောက်ဦးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

  07/ Sep/ 2020

၂၀၂၀ပြည်နှစ် စက်တင်ဘာလ ၇ရက်နေ့က မြောက်ဦးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။