ယခုအခါ COVID-19‌ကာကွယ်ရန်အတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုများ နေရာအနှံ့ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။

  20/ Nov/ 2020

ဧရာဝတီတိုင်းဒေသကြီးမှာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုနဲ့ ဌာနပေါင်းစုံပါဝင်ကာ တိုးရွှေဝါခန်းမရှေ့၊နာရီစင်အရှေ့၊အခွန်လွတ်စျေးရှေ့များမှာ ပြည်သူ‌ေတွကို နှာခေါင်းစည်း အခုရေ(၄၈၀၀)ပေးဝေရာမှာ မအူပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းရွှေ နဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့ကလည်း ပါဝင်ကူညီခဲ့ကြတယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။