ရခိုင်ပြည်နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိမိတို့ဒေသအတွင်း ရောဂါပိုးကူးစက်မှုကို လျှော့ချနိုင်စေဖို့အတွက် ရပ်ရွာလူထုကို အသိပညာပေးခြင်းတို့ကို နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြတာကို တွေ့မြင်ရပါတယ်။

  11/ Nov/ 2020

နိုဝင်ဘာလ ၉ရက်နေ့နဲ့ ၁၀ရက်နေ့များက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရန်အောင်မြေ တိုက်ပွဲရှောင်စခန်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်း၊ မြတောင် တိုက်ပွဲရှောင်စခန်းတွေမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက စနစ်တကျလက်ဆေးနည်းတွေကို သင်ကြားပေးခဲ့ပြီး ရောဂါကူးစက်မှုမဖြစ်ပွားဖို့ ဘယ်လိုနေထိုင်ဆောင်ရွက်ရမလဲဆိုတာတွေကိုပါ ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။

👏👏 အလားတူပဲ စစ်တွေမြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓမော်ကျောင်းတိုက်(တိုက်ပွဲရှောင်စုရပ်)၊ ဘုရားများသိမ်တော်(တိုက်ပွဲရှောင်စုရပ်)တွေက တိုက်ပွဲရှောင်ပြည်သူတွေကို ရောဂါကာကွယ်‌ရေးအသုံးပြုရန်အတွက် လက်ဆေးဆပ်ပြာရည်တွေ၊ အဝတ်နှာခေါင်းစည်းတွေကို မျှဝေပေးခဲ့ကြပြီး ရောဂါမဖြစ်ပွားအောင် လိုက်နာနေထိုင်ဖို့လည်း အသိပညာပေးခဲ့ကြပါတယ်။