ရေစကြိုတွင် ကြက်ခြေနီက ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်

  09/ Oct/ 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၉ရက်နေ့က ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်ခိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။