ရေနံချောင်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက

  09/ Apr/ 2020

ရေနံချောင်း၊ ဧပြီ ၉

ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်ကို ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊အထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါမဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၇ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။