ရွှေကူတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးပြုလုပ်

  18/ May/ 2020

ရွှေကူ၊ မေ ၁၈

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နောင်မိုကျေးရွာရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ တိုင်းရင်းသားပြည်သူများအား ရွှေကူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ဦး ခေါင်းဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ဦးက မေလ ၁၇ ရက်က COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်ရေး အကြောင်းပြောကြားခြင်းများပြုလုပ်ခဲ့ပါသည်။