ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  31/ Aug/ 2020

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က နမ္မတူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ အမှတ်(၁)သတ္တုတွင်းရုံးခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူ တန့်ယန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစန်းလှထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တန့်ယန်းမြို့နယ်ရှိ မြို့ဝင်ဂိတ်နှင့် ကားဂိတ်များတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။