ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မိုင်းခတ်နှင့်မိုင်းယန်းမြို့များရှိ ကြက်ခြေနီအသင်းခွဲများသို့ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်း

  02/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်နှင့် အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်များသို့သွားရောက်ကာ သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်က ကြက်ခြေနီစေတနာလုပ်အားရှင်များအား COVID-19 ရောဂါကာကွယ်ရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။
ထို့နောက် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။