လယ်ဝေးတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေးအတွက် အဝတ်နှာခေါင်းစည်းများပေးဝေ

  13/ Jun/ 2020

နေပြည်တော်၊ ဇွန် ၁၃

၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချို၊ ဦးဇော်အောင်၊ဦးတင်ငွေ ၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ လယ်ဝေးမြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့သည် COVID-19ရောဂါကာကွယ်ရေးအတွက် လယ်ဝေးမြို့တွင် ပြည်သူများအား အသိပညာပေးခြင်းများနှင့် အဝတ်နှာခေါင်းစည်းများ ပေးဝေခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။