လွိုင်ကော်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  14/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပီးကင်းကောခူဂိတ်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် မန္တလေးမှ ပြန်လည်ရောက်ရှိလာသူ ၁ ဦးအား CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။