လှိုင်းဘွဲမြို့တွင် ကလေးများအား ကာကွယ်ဆေးထိုးရာ၌ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

  02/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရွှေဂွန်တိုက်နယ် ကမ်းနီကျေးရွာ ကျန်းမာရေးဆေးခန်းတွင် အသက် ၂လမှ ၁နှစ်ခွဲရှိသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးရာ လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ခွဲမှုး ဦးအေး
မင်းဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။