သင်သိပြီးပြီလား

  18/ Sep/ 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက CBFQ စင်တာတွေနဲ့ ကိုဗစ်ရောဂါကူးစက်လူနာတွေထားရှိတဲ့ ဆေးရုံတွေမှာ ကျန်းမာရေးဆိုင်ရာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီပေးလျက်ရှိနေပါတယ်။ 🥰🥰🥰
ဒီနေရာတွေမှာ –
🌺 စိတ်သက်သာစွာ ရောဂါကုသမှုခံယူနိုင်ဖို့ နေရာထိုင်ခင်းနဲ့ အသုံးအဆောင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ပေးခြင်း၊
🌺 စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေပြုလုပ်ပေးခြင်း၊
🌺 သင့်ကျန်းမာရေးအတွက်လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကူညီဆောင်ရွက်ပေးခြင်း၊
🌺 ရောဂါပျောက်ကင်းပြီး သာယာပျော်ရွှင်တဲ့နေ့စဉ်လူနေမှုဘဝကို ပြန်လည်ရရှိအောင် ကူညီစောင့်ရှောက်ပေးခြင်း တို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် သူရဲကောင်းတွေကို လက်ခုပ်တီးပြီး ဆက်လက်အားပေးဂုဏ်ပြုလိုက်ရအောင်နော်။