သံတောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကြက်ခြေနီဆောင်ရွက်

  03/ Oct/ 2020

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့အဝင်ဂိတ်တွင် ခရီးသည်များအား COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ အသိပညာပေးနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် အမည်စာရင်းများကောက်ယူခြင်းတို့ကို သံတောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဦးစောခင်မောင်ဆန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးတို့က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြသည်။