သံဖြူဇရပ်ရှိ ​ကျောင်းများတွင်​ကြက်​​ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်​စ် ကြိုတင်​ကာကွယ်​​ရေး ဟော​ပြောပွဲ ပြုလုပ်​

  07/ Feb/ 2020

သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၇

မြန်မာနိုင်ငံကြက်​ခြေနီအသင်း သံဖြူဇရပ်​မြို့နယ်​ကြက်​​ခြေနီအသင်းခွဲမှ ကြက်​ခြေနီသူနာပြုတပ်​ဖွဲဝင်များနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ နိုဗယ်​ ကိုရိုနာဗိုင်းရပ်​ ကြိုတင်​ကာကွယ်​​ရေး ​ဟော​ပြောပွဲ ကို သံဖြူဇရပ်​မြို့နယ်​ အခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)နှစ်​ကိုင်းကျောင်းခန်းမတွင် ​​ကျောင်းသား/​ကျောင်းသူ များ၊ ​ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၃၁၀) ဦးတို့အား ၂၀၂၀ ပြည့်နှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့နံက်​ ၁၁းဝဝက သံဖြူဇရပ်​မြို့နယ်​ လူထုကျန်းမာ​ရေးဋ္ဌာနဦးစီးအရာရှိ ဒေါက်တာ ​အောင်​ထက်​​ကောင်း၊ ကျန်းမာ​ရေးအဆင့် ၁​ ဒေါ်နန်းစံတပ်​၊ သံဖြူဇရပ်​မြို့နယ်​ကြက်​​ခြေနီ တပ်​ဖွဲ့မှုးဦးစိုးမင်​ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၆) ဦးတို့မှ ​ဟော​ပြောခဲ့ကြပါသည်​။