ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

  05/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (GTI) သို့ ထမင်းထုပ် (၃၃)ထုပ်၊ ရေမလိုလက်သန့်ဆေးရည် (၂)ဗူး၊ မျက်နှာသုတ်ပဝါ (၃၀)ထည်၊ ရေသန့်ဗူး (၄)ကဒ်၊ သွားတိုက်တံ (၃၀)ချောင်းနှင့် ဆပ်ပြာခဲ (၁၀)ခဲတို့ကို လှူဒါန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ပေးခြင်းတို့ကို ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှုးဒေါ်သဇင်သိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။