ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီမှအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ လှူဒါန်း

  17/ Jul/ 2020

ဟားခါး၊ ဇူလှိုင် ၁၇

ဟားခါးမြို့နယ်ကြက်ခြေနီတပ်စုမှူးဒေါ်သဇင်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ GTI ကျောင်းဝင်းအတွင်းဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လက်သန့်စင်ဆေးရည်များ၊ မျက်နှာသုတ်ပဝါများ၊ ရေသန့်ဘူးများ၊ သွားတိုက်တံများ၊ ဆပ်ပြာခဲများ စသည့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပြီး COVID-19ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၇ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ပါသည်။