အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီထောက်ပံ့

  17/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကျား (၉၅)၊ မ (၂၇)နှင့် ရွှေမြဝတီအသွားလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှတဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား (၂)၊ မ (၁)ဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျောက်လုံးကြီးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၆) ဦးတို့က ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။