အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီမှ ပူးပေါင်း ဆောင်ရွက်

  09/ Jul/ 2020

လွိုင်ကော်၊ ဇူလိုင် ၉

လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ၉ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပညာရေးကောလိပ်အတွင်း ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ပိုးသတ်ဆေးဖြန်းပေးခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။